အုတ်တွင်းမြို့နယ်၌ စာရေးဆရာသိန်းထွန်း(IR) ရေးသားသည့် ကိုယ်တိုင်ရွေးချယ်သော ခရီးဆောင်းပါးဖြင့် စာဖတ် ဝိုင်းကျင်းပပြုလုပ်

အုတ်တွင်း      သြဂုတ်     ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်း သား၊ လူငယ်များစာပေ ဖတ်ရှု့သည့် အလေ့အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ခြင်းဖြင့် အသိအမြင်ကျယ်စေရန်၊ အနာဂတ်လူငယ်လေးများ အတွက် လောကီအကျိုး၊ လောကုတ္တရာ အကျိုးဖြစ်စေတဲ့ ဘဝနေထိုင်နည်းတွေစောင့်ထိန်း၊ လိုက်နာ၊ ကျင့်ကြံကြိုးစားတတ်စေရန်နှင့် ကိုယ့်အကျိုး၊ အများအကျိုး၊ သံသရာအကျိုး ကောင်းအောင်ပြုပြင်နေထိုင် ကျင့်ကြံတတ်စေရန် ရည်ရွယ်၍ စာရေးဆရာသိန်းထွန်း (IR) ရေးသားသည့် ''ကိုယ်တိုင်ရွေး ချယ်သောခရီး'' ဆောင်းပါးဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က စာ ဖတ် ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်။

အဆိုပါစာဖတ်ဝိုင်းကိုစာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း(Book Club) ဥက္ကဋ္ဌ စာရေးဆရာ ဦးခင်မောင်ချို(ကညွတ်ကွင်း)နှင့်  အဖွဲ့ဝင်များမှ ကိုယ်တိုင်ရွေးချယ် သောခရီးဆောင်းပါးပါ အကြောင်းအရာများကိုတက် ရောက်လာသောစာပေဝါ သနာရှင်များနှင့် အချင်းချင်းအမြင် ခြင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းသို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်း(Book Club) အဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ ဦးခင်မောင်ချို(ကညွတ်ကွင်း)နှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၂၅)ဦးတက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာ သူများအား မြို့နယ်ဦးစီးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ကြောင်းသိရသည်။

ခင်ခင်မာ(ပြန်/ဆက်)