ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့နယ် ကျေးရွာများ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့်‌ကျေးလက်ရေရရှိရေး လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်နေသည့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဒသမ ၅၇၅ သန်းဖြင့် ကင်မွန်ခြုံကျေးရွာတွင် အကျယ် ၄ ဒသမ ၅ လက်မ၊အနက်ပေ ၄၀၀ ရှိ သောက်သုံးရေတွင်းတူးဖော်ခြင်းနှင့်‌ ရေဂါလံ ( ၅၀၀၀ )ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ဗောဓိကုန်းကျေးရွာတွင် အရှည် ၁/၁.၅၄၅ မိုင်၊အကျယ် ၁၂ ပေ၊ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်း မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၇၇ ဒသမ ၄၂၅ သန်းဖြင့်လည်း‌ ကောင်း၊ဆင်ဖြူကန်ကျေးရွာရှိ အရှည် ၀/၅.၅၆၇ မိုင်၊အကျယ် ၁၂ ပေ၊ထု ၉ လက်မနှင့်တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၅၀ ဒသမ ၆၇၃ သန်းအသုံးပြု၍ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက် နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးမှူးဦးဌေးဇော်က လုပ်ငန်းတိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ကျေးရွာ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)