လက်ပံတန်းမြို့တွင် မွေးမြူရေးလုပ်ကိုင်သူများအား ဒေသကြက်မျိုးများ ဖြန့်ဖြူးပေး

လက်ပံတန်း ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဒေသစိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ညှိနှိုင်းကြီးကြပ်မှုအဖွဲ့၏ စီစဉ်မှုဖြင့် မွေးမြူရေးလုပ်ကိုင်သူများအား ဒေသကြက်မျိုးများ ဖြန့်ဖြူးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းတို့က ကျေးရွာအုပ်စု ၈ အုပ်စုမှ မွေးမြူရေး လုပ်ကိုင်သူများအား ဒေသကြက်၊ တိုင်းရင်းကြက်မျိုး များဖြစ်သော စစ်တကောင်း၊ လည်ပြောင်ကြက်၊ တောင်ပျံကြက်နှင့် တိုက်ကြက် စုစုပေါင်း ကောင်ရေ (၅၀၀) ဖြန့်ဖြူးပေးခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အဆိုပါ ကြက်မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သော ကာကွယ်ဆေးများ၊ မွေးမြူရေးဆိုင်ရာ နည်းပညာများ ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)