ရွှေကျင်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်(၁)ပြည် (၁၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချ

ရွှေကျင် ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရွှေကျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်(၁) ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် ဝန်ထမ်းများက မိဘပြည်သူများအား ဧည့်မထဆန် (၈)လုံးကိုက် တစ်ပြည်လျှင် ငွေကျပ်(၁၆၀၀)နှုန်းဖြင့် မိမိတို့ တတ်နိုင်သမျှဝယ်ယူနိုင်ရေးအတွက် မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

ရွှေကျင်မြို့နယ်အတွင်းရှိ ပြည်သူများဆန်စားသုံးမှု အခက်အခဲမရှိစေရန် ဆန်အိတ်(၁၀၀)အိတ်အား သတ်မှတ်နေ့ရက်အလိုက် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက် များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်