ဖြူးမြို့နယ်ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ ဆန်ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆန်များရောင်းချပေး

ဖြူး ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ဒေသခံပြည်သူများအနေဖြင့် စျေးနှုန်းချိုသာစွာ ဆန်ဝယ်ယူစားသုံးနိုင်စေရေးအတွက် ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေကြီး(အရှေ့) ဆန်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဆန်ဝယ်လိုသူတိုင်း မည်သူမဆို ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက မြို့မစျေးကစတင်ကာ ရောင်းချပေးနေလျက်ရှိကြောင် သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဖြူးမြို့နယ်အတွင်း လက်တလောရောင်းချမှု အခြေအနေအရ သင့်တင့်သည် ဆန်အမျိုးအစားအား စျေးနှုန်းလျှော့ချကာ ဆန်တစ်ပြည်လျှင်(၁၆၀၀)ကျပ်နှုန်း တန်းစီစနစ်ဖြင့် ဆန်အိတ်(၃၀)အိတ်၊ (၇၂၀)ပြည်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စျေးနှုန်းချိုသာစွာဆန်ရောင်းချနေမှုအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)