ရေကြည် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့နယ်အတွင်းသို့ တရားမဝင်တင်သွင်းလာသည့် ပုဇွန်နှစ်ကောင် အမှတ်တံဆိပ် စားဆီဘူးများရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ဈေးများရှိ လက်လီလက်ကား ကုန်စုံဆိုင်များ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့မှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအတွင်း တရားမဝင်တင်သွင်းလာသည့် ပုဇွန်နှစ်ကောင် အမှတ်တံဆိပ် စားဆီဗူးများ၊ ဆီပုံးများရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးဆီများ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မတိကျသော ပမာဏဖော်ပြချက်များ ထည့်သွင်းထားသည့် စားသုံးဆီများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်ညွှန်းအမှတ်အသား မပါရှိသည့် ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်း မပြုလုပ်ကြရန် ကုန်စုံစတိုးဆိုင်များအား ဆွေးနွေးပြီးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)