ကန်ကြီးထောင့်မြို့နယ်ရုံး (Community Centre)ခန်းမတွင် တိုင်းရင်းဆေးပညာ အသိပညာပေး (Talk  Show) ဆောင်ရွက်

ကန်ကြီးထောင့် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် ပတ်သက်သောတိုင်းရင်းဆေး ပညာအသိပညာပေး  Talk Show   ဆောင်ရွတ်ခဲ့သည်။

အဆိုပါ အသိပညာပေး  Talk Show တွင်  မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးမောင်မောင်မြင့်က မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့်  လေထိုးလေအောင့်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ဝမ်းကိုက်ခြင်း၊ သန်ကောင်တုတ်ရောဂါများနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ခံစားရသည့် လက္ခာဏာများနှင့် ရောဂါဖြစ်ပွားပါကလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များအား  အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မဇင် (ပြန်/ဆက်)