ကျိုက်လတ် သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား မြို့နယ်အဆင့် ဂုဏ်ပြုပွဲကို သြဂုတ်လ (၂၈)ရက်နေ့တွင် ရွှေဧရာအောင်ခန်းမ၌ ခမ်းခမ်းနားနား ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီးမှ လုပ်ငန်းဆောင်ရွက်ထားမှုများကို ဆပ်ကော်မတီအလိုက် တင်ပြဆွေးနွေးပေးကြပါရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာကြသည့် ဆပ်ကော်မတီအသီးသီးမှ လုပ်ငန်းဆောင်ရွက်ထားမှုများကို တင်ပြကြသဖြင့် လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)