သနပ်ပင် ဩဂုတ် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အင်းလေလံတင်အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင် က အမှာစကားပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင် က အင်း/တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဆွေဆွေဝင်း က အင်းနှင့်တင်ဒါချက်များ၏ လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အင်း/တင်ဒါ လေလံတင်ရောင်းချရေး ကြီးကြပ်ရေးအဖွဲ့ဝင်များက ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ ကြမ်းခင်းဈေးပြင်ဆင်ရောင်းချကြရာ ဂရန်အင်း(၁၀)အင်းနှင့် တင်ဒါပိုက်ချက် (၃)ချက်တို့အား အင်းသားကြီးများထံရောင်းချခဲ့ရာ စုစုပေါင်းငွေကျပ် (၁၇၇၇၀၀၀၀/-)ကျပ် နိုင်ငံတော်ဘဏ္ဍာငွေ ရရှိကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)