ကံမ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် ရေယာဉ်များအား မိုးရာသီကာလ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေးအတွက် လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် အသက်ကယ်ဝတ်စုံများ အသက်ကယ်ဘောများ ပြည်စုံစွာ ထားရှိခြင်း ရှိ၊ မရှိတို့အား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ကော်မတီဝင်များ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ဝန်ထမ်းများက ကံမ-ပြည် ကူးတို့ရေယာဉ်လိုင်းနှင့် ကံမ-ကံမလေးရွာ(အောင်လံမြို့နယ်) ကူးတို့ရေယာဉ်လိုင်းတို့အား မိုးရာသီကာလ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)