မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုအပေါ်ညှိနှိုင်း အစည်းအဝေးကျင်းပ

မအူပင် ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (၁.၂.၂၀၂၂) ရက်နေ့မှ (၃၁.၇.၂၀၂၂) ရက်နေ့အထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုအပေါ် ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ နံနက် (၁၀)နာရီက မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် (၆)လအတွင်း လုပ်ငန်းဆောင်ရွက်မှုများအား ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့၏ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)