ဇီးကုန်းမြို့နယ် ရွှေကြို့ပင်(ရွာမ) ကျေးရွာရှိ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇီးကုန်း    ဩဂုတ်   ၁၉

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရွှေကြို့ပင် (ရွာမ)ကျေးရွာရှိ ကျေးလက်နေတောင်သူများ၏ လယ်ယာထွက်ကုန် သီးနှံများ ရာသီဥတုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိဘဲ ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်မီသယ်ယူပို့ဆောင်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် က တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝေထွန်းနှင့် ဝန်ထမ်းများ၊ နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တခရိုင် ဦးစီးမှူး ဦးဝင်းနိုင်ထွန်းနှင့် ဝန်ထမ်းများမှ ရွှေကြို့ပင် (ရွာမ) ကျေးရွာ၌ အရှည် ၉၁၀၁ ပေရှိ လမ်းပေါ်တွင် အကျယ် ၁၂ ပေ၊ ထု ပေရှိသော မြေသားတင်ခြင်းလုပ်ငန်းနှင့် အကျယ် ၁၀ ပေ၊ ထု လက်မရှိသော မြေနီကျောက်စ ရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ရွှေကြို့ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် ၉၂ ဒဿမ ၆၂၅ သန်းဖြင့် Phone Thant Naing ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါလုပ်ငန်းများမှာ ၇၉ ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးမြေဧက ၁၄၉ ဧက အကျိုးပြုမည်ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)