ကလိန်အောင် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးရေးအဖွဲ့က ယနေ့နံနက်(၉) နာရီခွဲ အချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား အကန့်အသတ်ဖြင့်ရောင်းချမှုအခြေအနေကိုကွင်းဆင်း ကြီးကြပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ် စစ်ဆေးရာတွင် ကလိန်အောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်၍ ကလိန်အောင်နယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြို့ပေါ် ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များအား အကန့်အသတ်ဖြင့် ရောင်းချခြင်းများ ရှိ/မရှိကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း၊ စက်သုံး ဆီများရောင်းချမှု ရပ်တန့်မှုမရှိစေရေး၊ အကန့်အသတ်ဖြင့်ရောင်းချမှု မရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
ကလိန်အောင်မြို့တွင် ဓာတ်ဆီ၊ ဒီဇယ်၊ပရီမီယံရောင်းချရာတွင် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ရှိ/မရှိနှင့် သိုလှောင်ထားခြင်း မျိုး မပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့