အောင်လံ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ (၂၀၂၂-၂၀၂၃)ခုနှစ် ချည်မျှင်ရှည်ဝါ တိုးမြှင့်ထုတ်လုပ်ရေး စီမံကိန်းအရ မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က သွင်းအားစု ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး အခမဲ့ထောက်ပံ့ရခြင်းကို ရှင်းလင်းကာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင်က (၂၀၂၂-၂၀၂၃)ခုနှစ် ချည်မျှင်ရှည်ဝါတိုးမြှင့်ထုတ်လုပ်ရေး စီမံကိန်းအရ မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော တောင်သူများအား မိုးရာသီဝါ တိုးချဲ့စိုက်ဧက (၆၂၄)ဧကအတွက် တစ်ဧကလျှင် ဓါတ်မြေဩဇာ အိတ်ဝက်နှုန်း(၃၁၂)အိတ်နှင့် တစ်ဧကလျှင်ပိုးသတ်ဆေး တစ်ထုပ်နှုန်း(၆၂၄)ထုပ်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက် လာသော ဌာဆိုင်ရာအကြီးအကဲများက တောင်သူများလက်ဝယ်အရောက် အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)