ကလိန်အောင်မြို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများသို့ ငှားရမ်းပေးခြင်းဆောင်ရွက်

ကလိန်အောင် ဩဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းမိသားစုများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ် (၇၀)ကို အသစ်ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်း ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့