မအူပင် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် တိုက်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ညွန့်ပေါင်း (၄) ဘောလုံး အသင်းနှင့် ကျုံစုတ်တိုက်နယ် ဘောလုံးအသင်းတို့ ယမန်နေ့ ညနေ (၃)နာရီ (၃၀)မိနစ်အချိန်က မအူပင်မြို့ ပြည်သူ့အားကစားကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြ သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲပထမပိုင်း (၄၅)မိနစ်အပြီးတွင် ညွန့်ပေါင်း(၄) ဘောလုံးအသင်းမှ ကျုံစုတ်တိုက်နယ် ဘောလုံးအသင်းအား (၄)ဂိုး(၁)ဂိုးဖြင့် ဦးဆောင်လျက်ရှိပြီး ဒုတိယပိုင်း (၄၅)မိနစ်အား အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ (၈)ဂိုး(၁)ဂိုးဖြင့် ညွန့်ပေါင်း(၄)ဘောလုံးအသင်းမှ အနိုင်ရရှိခဲ့ရာ ကွာတား ပွဲစဉ်သို့ တက်ရောက်သွားခဲ့ပြီး ဩဂုတ်လ (၂၀)ရက်နေ့တွင် ကွာတားပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)