သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

သံတောင်ကြီး ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နေ့ လယ် ၁ နာရီအချိန် ကမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း ကအဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် (VDP)စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ (၁၁)ရွာအားစီမံကိန်း ရန်ပုံငွေများကို ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများကလွှဲပြောင်းပေးအပ်ခဲ့ရာကျေးရွာကော်မတီဝင်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် စီမံကိန်းကျေးရွာကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

နော်နော်မူ