ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် သြဂုတ် ၁၉

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက သရက်တောရပ်ကွက် နှပ်တန်း (အမက) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သရက်တောရပ်ကွက် နှပ်တန်း (အမက) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ယုနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က  ကျောင်းသား/ကျောင်းသူများအား မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်နေသော ဝန်ဆောင်မှုအကြောင်း၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့်  ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူလေးများ ကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင် က ကြွက်ကလေးတို့ရဲ့ သုခဘုံစက္ကူပြ ဇာတ်ပြသပေးပြီး ရုပ်သံ (၃) ဒေါ်အေးအေးခိုင်မှ မိုးရွာသောနေ့ မောင်ဆင်လမ်းလျှောက်ထွက်ခြင်း ပုံပြင်စာအုပ်ကို ပြောပြခဲ့​​သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူလေးများကို ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာ​စောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေး အထိမ်းနံရံကပ်စာစောင်၊ ရေဘေးလေဘေး အသိပညာပေး နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)