ပလောက်မြို့တွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူများအား Booster Does ထိုးနှံပေး

ပလောက် ဩဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4 နှင့် BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူများအား ယနေ့နံနက် ၉ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေသီလာရတနာခန်းမတွင် Booster Does ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေး ကောင်းမွန်သူများအား ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့်ဝန်ထမ်းများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

ပြည့်ဖြိုးကျော် (ပလောက်)