ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်

ဇီးကုန်း ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လည် ၂ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောလင်းသိန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လယ်မကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှ သစ်ပင်ပိအမိုးပျက်စီးနေ အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂,၁၀ဝိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၂,၁၀ဝိ/-)ကျပ်ကို ဇီးကုန်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက  လေဘေးသင့် အိမ်ထောင်စုဝင်ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)