သဲကုန်း ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အ.မ.က ညောင်ကုန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသ၍ ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစကား မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်အေးအေးမော်က မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော ရောဂါများ ကာကွယ်ရေးအတွက် ဆောင်ရန် ရှောင်ရန်များကို ဆွေးနွေးဟောပြော၍ တိုင်းရင်းဆေးပညာဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များက ကလေးများအား အာဟာရမုန့်များ ပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်