စုကလိမြို့တွင် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show နှင့် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်

စုကလိ သြဂုတ် ၁၈

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများအား အချိန်နှင့်တပြေးညီ အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယခုအချိန်သည် မိုးရာသီကာလဖြစ်သည့်အလျောက် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအကြောင်းအား အသိပညာပေး Talk Show နှင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် Community Centre တွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က သဘာဝဘေးအန္တရာယ်အမျိုးမျိုးအကြောင်း၊ မိုးရာသီကာလ တွင်ဖြစ်ပေါ်လေ့ရှိသော ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းများဖြစ်ပေါ်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေအရပ်ရပ်များ အကြောင်းတို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများပြဘုတ်အား ပြသဆောင်ရွက်ထားရာတွင် သဘာဝဘေးအမျိုးမျိုးနှင့်ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်နိုင်ငံတော်မှ ကူညီထောက်ပံ့ရေးကိစ္စရပ်များအား ထိခိုက်မှုဖြစ်သည့်နေရာများတွင် မူလအခြေအနေမှန်အတိုင်းရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများအားသိရှိနိုင်စေရန်ပြသထားရာ စုကလိမြို့နေ ပြည်သူများမှ စိတ်ပါဝင်စားစွာကြည့်ရှုပေးခဲ့ကြောင်း သိရသည်။

ပိုပိုအောင်