သံဖြူဇရပ် သြဂုတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းဖွင့်ပွဲကိုယနေ့ နံနက် ၁၁ နာရီက မြမာလာကျေးရွာရှိ အလင်းရောင် စာကြည့်တိုက်၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ဝေနှင်းက ကျေးလက်နေပြည်သူများ၏ မိမိတို့ဒေသ၌ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်၊ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြှင့်မားလာပြီး ဝင်ငွေရရှိတိုးပွားလာစေရန်၊ မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန်၊ ကျေးလက်ဒေသ၏ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေ ရေးနှင့်အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် တစ်ပိုင်တစ်နိုင်၊ မွေးမြူရေးလုပ်ငန်းများမှ စီးပွားဖြစ် လုပ်ကိုင်နိုင်စေရန် လိုအပ်သည့် နည်းပညာများကို ပြန့်ပွားလာနိုင်စေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါက်တာ သက်ပိုင်စိုး ကသင်တန်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းနှင့် ဦးစီးအရာရှိ ဒေါက်တာသက်ပိုင်စိုး တို့ကသင်တန်းနည်းပြအဖြစ် နည်းပညာပိုင်းဆိုင်ရာများကို သင်တန်း တက်ရောက်လာသည့် မြမာလာကျေးရွာနှင့် ဝက်လေးကျေးရွာများမှ မွေးမြူရေးလုပ်သားသင် တန်းသား/ သင်တန်းသူ(၂၀)ဦးအား သြဂုတ် (၁၈)ရက် နေ့မှ(၂၀)ရက်အထိ နေ့စဉ်နံနက် ၁၀ နာ ရီမှ မွန်းလွဲ ၃ နာရီ အထိ(၃) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)