သာယာဝတီ သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နှင့်ပရဟိတ” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင် က စာဖတ်ဝိုင်း တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း (ပန်းတကာမောင်ထွန်း) က "မြင့်မြတ်နှလုံးသား” ခေါင်းစဉ်ပါ အကြောင်းအရာဖြင့် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး မိုးသဲအောင် (ပန်းမြေ) က “ညီညွတ်ရေး” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ အဖွဲ့ဝင် ဦးတင်လှိုင်က "သူငယ်ချင်းစိတ်ဓာတ်" ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ ဦးတင်အေးကျော် (သာယာဝတီ) က "စေ့စပ်ညှိနှိုင်းခြင်း" ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ ဦးထက်လွန်း(ထက်သခင်) သာယာဝတီတို့က "အသိစိတ်ဓာတ်" ခေါင်းစဉ်ပါ အကြောင်းအရာဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးကြရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း၊ Talk Show ဆွေးနွေးပွဲများ ပြုလုပ်ခြင်းများကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)