ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့

ဒေးဒရဲ သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်()နှစ်အောက် ကလေးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီနီမြင့်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်()ခုရှိ ကိုယ်ဝန်ဆောင်မိခင်(၈၉)ဦး၊ အသက်()နှစ်အောက် ကလေး(၂၀၇)ဦး၊ စုစုပေါင်း(၂၉၆)ဦးအတွက်​ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဆောင်ရွက် နိုင်ရေးအတွက် စုစုပေါင်းငွေ (၁၅,၇၂၀,၀၀၀)ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်(၁၄၉၈)ဦးနှင့် အသက်()နှစ်အောက် ကလေး(၄၂၃၉)ဦး၊ စုစုပေါင်း(၅၃၇၃)ဦးအတွက် ငွေကျပ်(၂၄၆၀၄၅၀၀၀)ကို ထောက်ပံ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း