မင်းလှ ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်း က မိုလ်ဘိုင်းကားဖြင့် အမှတ်(၆)ဈေးချိုတန်းလမ်း၊ မြို့လယ်ဓမ္မာရုံရှေ့၌ အခြေခံစားကုန် ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နူန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ အခြေခံစားကုန်များအား ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဆန်တစ်ပြည် (၁၆၀၀)ကျပ်နူန်းဖြင့် လူတစ်ဦးလျှင် (၂)ပြည်နူန်း၊ စုစုပေါင်း ဆန် (၁၅)အိတ်ကို ဒေသခံပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ပြည်သူများဆန်ကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များသို့ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)