ကန်ကြီးထောင့် သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရုံးလက်အောက်ရှိ ပုသိမ်ခရိုင်၊ ကန်ကြီး ထောင့်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဟိန်းဦးပိုင်၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ သြဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းက ကန်ကြီးထောင့် မြို့ပေါ်ရပ်ကွက်နှင့် ပိတောက်ပင်ကျေးရွာရှိ ထရန်စဖော်မာ ဝန်းခြံသန့်ရှင်းရေးလုပ်ငန်းများ အားကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်အင်ဂျင်နီယာ ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ကန်ကြီးထောင့်မြို့နယ်ရှိ 11 Kv ဓာတ်အားလိုင်းတစ်လျှောက် ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထရန်စဖော်မာဝန်းခြံများ သန့်ရှင်းခြင်း လုပ်ငန်းများအား ဆောင်ရွတ်ခဲ့ကြောင်းသိရှိရသည်။
မဇင်
ကန်ကြီးထောင့်(ပြန်/ဆက်)