ညောင်တုန်း ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်တစ်လုံးနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်က ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် ခဲ့သည့် ရွာသစ်ကျေးရွာအုပ်စု၊ လက်ပန်ချောင်းကျေးရွာရှိ နေအိမ်(၁)လုံးနှင့် အိမ်ထောင်စုဝင် လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေကျပ် (၁၁၀၅၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတာ ဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)