ငပုတော သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်များရှိ လူနေအိမ်များနှင့် လမ်းများ၊ ရေကြီးရေလျှံမှု မရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်ခန့်က ငပုတောမြို့ မြောက်ပိုင်းရပ်ကွက်၊ ခေမာလမ်း၊ မဂ္ဂင်လမ်းနှင့် အရှေပိုင်းရပ်ကွက်ရှိ ရွှေမြကွင်းလမ်းတို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှုး ဦးကျော်မင်းသန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနပိုင်စက်ယန္တရားအသုံးပြုပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှုး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂)ဦးသန်းဦးတို့က လိုက်လံ၍ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရေစီးဆင်းမှု မရှိသောနေရာများ၊ ရေဝပ်နေသော နေရာများနှင့် ရေမြောင်းများဖောက်လုပ်ရန် လိုအပ်သောနေရာများတွင် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေမြောင်းများ ဖောက်လုပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မိုးရာသီတွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ၊ လူနေအိမ်များ ရေကြီး၊ ရေလျှံမှု အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရေနုတ်မြောင်းများ၊ တူးဖော်ခြင်းလုပ်ငန်းများနှင့် လမ်းဖြတ် တံတားများ တည်ဆောက်ခြင်းလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (ငပုတော)