မြောင်းမြ သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မေတ္တာမွန်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ယနေ့ နံနက်ပိုင်းတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ မေတ္တာမွန် ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအား သွားရောက်တွေ့ဆုံပြီး ဆေးဝါးများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများ လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာစိုးသက်နှင့် အဖွဲ့က အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရာ ထိုသို့ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးနေမှုများ ကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရိပ်သာအတွင်း လိုက်လံ ကြည့်ရှုကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အခြားဌာနဆိုင်ရာများက ရိပ်သာအတွင်း သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့ မေတ္တာမွန်ဘိုးဘွားရိပ်သာတွင် အဘိုး(၁၁)ဦး၊ အဘွား(၁၆)ဦး၊ စုစုပေါင်း အဘိုးအဘွား(၂၇)ဦးတို့ ကို ပြုစုစောင့်ရှောက်ထားကြောင်း ဘိုးဘွားရိပ်သာ ဂေဟာမှူးထံမှ သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)