ဒေးဒရဲ သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် ထောက်ပံငွေများ ပေးအပ်ခြင်းကို ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံပေးလျက်ရှိရာ ဘိုးတုတ်ကျေးရွာအုပ်စုတွင် ယနေ့ နံနက်ပိုင်းက စတင်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဘိုးတုတ်ကျေးရွာ အုပ်စုရှိ ဘိုးတုတ်ရွာမ၊ သဲကုန်း၊ ရေကျော်၊ ချောင်းဝနှင့် ကုလားကွင်း ကျေးရွာများရှိ ကိုယ်ဝန်ဆောင်(၉)ဦး၊ ကလေး(၂၃)ဦးတို့အား အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် စုစုပေါင်းငွေ (၁၄၂၅၀၀၀)ကျပ်ကို လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၁၄၉၈)ဦးနှင့် အသက်(၂)နှစ်အောက် ကလေး (၄၂၃၉)ဦး၊ စုစုပေါင်း (၅၃၇၃)ဦး၊ ငွေကျပ်(၂၄၆၀၄၅၀၀၀)ကို ထောက်ပံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း