ပန်းတောင်း သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးရွာအုပ်စု (၃)အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်တို့အား ယမန်နေ့ နေ့လယ်ပိုင်းက မနောသုခဆန်များ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် မနောသုခဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်၊ အိမ်ထောင်စုတစ်စုလျှင် (၂) ပြည်နှုန်းဖြင့် ဆင်တဲအုပ်စု (၃၅) အိတ်၊ သရက်လိန်အုပ်စုဆန် (၂၀) အိတ်၊ ကြခတ်ရပ်ကွက် (၅) အိတ်၊ မင်းရပ်ရပ်ကွက် (၅) အိတ်၊ ဖောင်းကန်ရပ်ကွက် (၅) အိတ်၊ ဝန်လိုရပ်ကွက် (၅) အိတ်၊ စည်သာရပ်ကွက် (၁၆) အိတ်၊ နှင့်တောင်ဘွေအုပ်စု (၉) အိတ်၊ စုစုပေါင်းဆန်အိတ် (၁၀၀) အား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းကို စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)