ဒိုက်ဦးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဒိုက်ဦး သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စက်သုံးဆီရောင်းချနေသော ဆိုင်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီစျေးနှုန်း၊ စျေးကွက်၊ ဆီလက်ကျန်နှင့်အခြင်အတွယ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)