ကျွန်းလှ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုက လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ပူးပေါင်းတာ ဝန်ယူလိုစိတ်ရှိရေး၊ အာဇာနည် ပုဂ္ဂိုလ်ထူးများအား လေးစားကြည်ညို အတုယူလိုစိတ်ရှိရေး၊ ဗလငါးတန်ပြည့်စုံရေးကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်အောင်က စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်များနှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ် စာစောင်များအား လေ့လာကြည့်ရှုကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ရှင်းလင်းပြသကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ