ကော့သောင်း သြဂုတ် ၁၈
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် လူငယ်များ လေ့လာဖတ်ရှုနိုင်ရန် သုတ/ရသဆိုင်ရာစာအုပ်စာပေများ၊ ဘဝတိုးတက်မြင့်မားရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်စာအုပ်များ၊ လူငယ်တို့ထားရှိမွေးမြူအပ်သည့် စိတ်ခွန်အား မြှင့်တင်ခြင်းဆိုင်ရာအခြားဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများအား ခင်းကျင်းပြသပေးထားရာ လူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ခြင်းအလေ့အထများ ရှင်သန်ထက်မြက်လာရေး၊ စာဖတ်ရှိန်မြှင့်မားရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရေးနှင့် စာပေမှ အသိပညာဗဟုသုတများ ရှာမှီးတတ်လာစေရေး ရည်ရွယ်ကာလူငယ်များအား စာကြည့်တိုက် အသင်းဝင်ကတ်များ ထုတ်ပေးခြင်းနှင့် စာအုပ်စာပေများငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)