ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများအား ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်ဖြင့် ရောင်းချပေး

ကြို့ပင်ကောက်   ဩဂုတ်   ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့နယ်တွင် စားသုံးသူပြည်သူများအား ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ဘူတာရုံလမ်း မြို့နယ်ခန်းမရှေ့တွင် ယနေ့ နံနက်ပိုင်းမှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချခြင်းကို ပဲခူးတိုင်းဒေသကြီး(အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်း ဆန်တစ်ပြည်အား (၁၆၀၀)ကျပ်ဖြင့် ဩဂုတ်လ (၁၈)ရက်နေ့တွင် ဆန်အိတ်(၁၀၀)နှင့် (၁၉)ရက်နေ့တွင် ဆန်အိတ်(၁၀၀) ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်ထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)