ဒိုက်ဦးမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဆင်းသုခစပါးမျိုး RS to CS မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဒိုက်ဦး သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူဦးသန်းထွန်း၏ လယ်မြေဧက(၁၀)ဧကတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဆင်း သုခစပါးမျိုး RS to CS မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးသရုပ်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ကြသည်။ အခမ်းအနား တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်သိန်းနိုင်က စပါးမျိုး RS to CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တောင်သူများ၏ သိလိုသည်များကို စိုက်ပျိုးရေးဦးစီးမှူးက ရှင်းလင်းပြောကြားပါသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများက စပါးမျိုးစေ့ထုတ်စိုက်ခင်းမှ ဆင်းသုခစပါးမျိုး RS to CS မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသရုပ်ပြခြင်းအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)