ရွှေတောင်မြို့နယ် တွင်စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

ရွှေတောင်  သြဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် နေ့စဉ် ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိနှင့် စက်သုံးဆီအမျိုးအစားအလိုက် လက်ရှိသိုလှောင်ထားရှိမှု၊ လက်ကျန်အခြေအနေ၊ () လီတာရောင်းချမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်း က တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစက်သုံးဆီအရောင်းဆိုင်များ လိုက်လံစစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီပါ ဌာနဆိုင်ရာစက်သုံးဆီဆိုင် () ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ နေ့စဉ် ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိနှင့် စက်သုံးဆီအမျိုးအစားအလိုက် လက်ရှိသိုလှောင်ထားရှိမှု၊ လက်ကျန်အခြေအနေ၊ () လီတာရောင်းချမှု အခြေအနေအား တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)