ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင်  သြဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ က အဖွင့်အမှာစကားပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောရာတွင် ကလေးအလုပ်သမားဆိုသည့် အဓိပ္ပါယ်များ၊ ကလေးလုပ်သားဆန့်ကျင်ရာတွင် အလုပ်ရှင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ကလေးအလုပ်သမား ရင်ဆိုင်ရခြင်း အလုပ်ရှင်များ၏ တုံ့ပြန်ချက်နှင့် စိစစ်ခြင်းများ၊ ကလေးလုပ်သားတိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများအတွက် အကြောင်းပြချက် ()ချက်ဖြစ်သည့် ဥပဒေနှင့် ဆန့်ကျင်ခြင်း၊ နိုင်ငံတကာစျေးကွက်နှင့် လုပ်နိုင်စွမ်းရှိသည့် အရွယ်ရောက်သူအလုပ်သမားအင်အား တိုးမြှင့်ခြင်းစသည့်အချက်များကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မိုးရာသီတွင်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)