ရွှေတောင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချ

ရွှေတောင်  သြဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက် နှင့် ကြာနီကန်ရပ်ကွက်တို့တွင် ယမန်နေ့ နေ့လယ်ပိုင်း က စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့်အဖွဲ့မှ ကြီးကြပ်၍ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန်ရပ်ကွက်တို့တွင် တစ်ရပ်ကွက်လျှင် မနောသုခဆန် (၁၀)အိတ်ကို ဆန်တစ်ပြည်လျှင် (၁၆၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချနေမှုအား ပြည်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြသည်။

ရွှေတောင်မြို့နယ်အတွင်း ဆန်အိတ်ပေါင်း (၁၀၀) အိတ် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)