ပဲခူး သြဂုတ် ၁၈
ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း က ပဲခူးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရမည့်အခွန်လေးမျိုးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ် (၄)မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် မြေတိုင်းစာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ မိမိတို့မြို့နယ်အလိုက် ယခင်နှစ်များ၏ ကောက်ခံရန်ကျန်ရှိသည့် ကြွေးကျန်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရမည့်အခွန်များအပေါ် ကောက်ခံရမည့် အခြေအနေနှင့် လျာထားချက်ပြည့်မီအောင် ကောက်ခံမည့်အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံရမည့် တာတမံခွန်ပြေစာများ ရေးသားဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် ဆွေးနွေးတင်ပြကြရာ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင်အတွင်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ယစ်မျိုးခွန် (၈၉၁၁၉၈၅၀၀)ကျပ်၊ မြေခွန် (၃၆၁၄၃၆၂၀၀)ကျပ်၊ တာတမံခွန် (၂၂၈၇၁၄၀၀) ကျပ်၊ ဓာတ်သတ္တုခွန် (၃၁၆၀၅၄၀၀)ကျပ်၊ စုစုပေါင်း (၁၃၀၇၁၁၁၅၀၀)ကျပ် ပြည့်မီအောင် ကောက်ခံရန်လျာထားပြီး စည်းကြပ်ကောက်ခံရမည့် အခွန်ငွေများအား ပြေစာတစ်ခုချင်းအလိုက် Excel စာရင်းဖြင့် ရေးသွင်းပြီး PDF ဖိုင် ပြုလုပ်ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)