အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ်အကြောင်း သိကောင်းစရာ (Talk Show)ပြုလုပ်

အင်္ဂပူ ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)တွင် ဩဂုတ်လ ၁၅ ရက်နေ့က ပြည်သူများအသိပညာ ဗဟုသုတရရှိ စေရန်အတွက် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုး‌ရေးဘဏ်ခွဲတို့ပူး‌ပေါင်းပြီး    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အကြောင်း သိကောင်းစရာ (Talk Show ) ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က  (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်မြတ်သီတာတင်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားပြီး၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးမှုအခြေအနေများ၊ ကြွေးကျန်များ ပြေကြေမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်မှု၊‌ ငွေထုတ်သူများလိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်း‌ ပြောကြား ခဲ့‌‌ကြောင်းသိရသည်။

အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)တွင် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ကဗျာရွတ်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မန်းကျော် (ပြန်/ဆက်)