ပေါက်ခေါင်း ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးကြိမ်ထိုးနှံပြီးသော မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Does စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လည် ၃ နာရီအချိန်က ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစားကို ထိုးနှံပေးခဲ့ပြီး၊ ကျန်ရှိနေသော ပြည်သူများကိုလည်း နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)