ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရေတာရှည်      သြဂုတ်     ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့််အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၊  တောင်သူ ဦးအောင်မျိုးဦး၏ လယ်ယာမြေ ဧက ၁၀၀ တွင် စိုက်ပျိုးထားရှိသည့်  မိုးစပါး မြေသြဇာ အချိန်ကိုက်ထည့်သွင်းခြင်း စံပြကွက်အားကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော် က စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၂၁၁)သန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာ()ရွာ၊ အိမ်ခြေ (၈၈၁)အိမ်၊ လူဦးရေ (၃၃၇၆) ဦး လယ်ယာမြေ (၄၅၃) ဧကအား အကျိုးပြုသည့် ပိတောက်ခင်ကျေးရွာအုပ်စုရှိ ညောင်ပင်ကိုင်း - ပိတောက်ခင် - ရွာသစ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)