ဝါးခယ်မ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဒေါ်ပိုက်မိဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများ အား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အလှူငွေများလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေါ်ပိုက်မိဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများမှ သွားရောက်၍ အဟာရဒါနအဖြစ် မုန့်များ၊ ကွေကာအုပ်များ၊ တစ်ရက်တာအဟာရကျွေးမွေးခြင်း စရိတ်(၃၀၀၀၀)ကျပ်၊ ဆေးပဒေသာပင်အတွက် အလှူငွေ(၁၀၀၀၀၀)ကျပ်၊ ဘိုးဘွားများအတွက် အလှူငွေများ လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း