ကဝ ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ဘူးကုန်းကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောအိအိထက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စုဆောင်းခြင်း၊ အမျိုးသမီးများ၏ အားနည်းချက်၊ အမျိုးသမီးများ တွေ့ကြုံရသော လူကုန်ကူးမှုအန္တရာယ်၊ မျှော်လင့်ချက်ရောင်ခြည်၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုအင်္ဂါ(၃)ရပ်နှင့် လူကုန်ကူးမှုပြစ်ဒဏ်များကို ရှင်းလင်းဟောပြောပြီး ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ပေးပို့သော “ဒေါက်ဒေါက် တစ်ညလောက်အိပ်ပါရစေလား” စာအုပ်ဖြင့် ပုံပြင်များပြောပြခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနများ၏ ဆက်သွယ်ရန် လိပ်စာများ၊ လူကုန်ကူးမှု ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရသူများကို ကူညီခြင်း၊ လူကုန်ကူးမှုအန္တရာယ် ပူးပေါင်းကာကွယ်တိုက်ဖျက်မယ်၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှု ပြစ်ဒဏ်များ၊ လူကုန်ကူးမှု သံသယရှိပါက ဆက်သွယ်သတင်းပေး အကူအညီတောင်းခံနိုင်ရန် ဖုန်းနံပါတ်များပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသရာ စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)