ဖျာပုံ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ဖျာပုံမြို့ အထက-၂ ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော အထက်တန်း၊ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူ များအား ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့ အထက-၂ ကျောင်း ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆရာမ များက အထက-၂ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသော အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၃၂)ဦးနှင့် တစ်ကြိမ်ထိုနှံထားပြီးသည့် ကျောင်းသား၊ ကျောင်းသူ(၄၅၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၈၈၆)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆)ပေစီခြား၍ စနစ်တကျ နေရာချထားထိုးနှံပေးပြီး မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ကျောင်းများကိုလည်း နေ့ရက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)