ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပုံတူဆွဲပြိုင်ပွဲ ဆောင်ရွက်

ကလိန်အောင် ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပုံတူဆွဲပြိုင်ပွဲကို ‌ယနေ့နံနက် (၁၀) နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများ၊ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်‌သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ပုံတူပန်းချီများဆွဲတက်‌‌စေရန်၊ ဉာဏ်ရည်ဉာဏ်သွးများ ကောင်းမွန်စေရန်အသိပညာများ တိုးပွား‌လာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကလေးလူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ပုံတူဆွဲပြိုင်ပွဲကို မိမိတို့စိတ်ကြိုက် ရုပ်ပုံများကို ဆွဲခဲ့ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့