ရွှေကျင်မြို့တွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ "အားတင်းထား" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရွှေကျင်  ဩဂုတ်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁:၀၀) နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ)"အားတင်းထား" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များနှင့် စာအုပ်၏အမှာစာကိုဖတ်ကြားပြီး (Book Club) အဖွဲ့ဝင် ဦးဇင်သူရိန်ဝင်း က စာအုပ်ခေါင်းစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊  (Women Club) အဖွဲ့ဝင် ဒေါ်ထွေးကြည် က "သင်မှပြင်မှ ဘဝပိုလှ" အခန်းကိုလည်းကောင်း၊ စာပေဝါသနာရှင် ဦးရဲမင်းက စာအုပ်တွင်ပါရှိသော "ပညာနဲ့ငွေ" အခန်းကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှစာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့ အကြုံများ၊ အသိပညာတို့ကိုရရှိစေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)