ကျောက်ဆည်မြို့နယ် သရက်ပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ကျောက်ဆည် ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လိုအပ်သည့်ကဏ္ဍများအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သရက်ပင်ကျေးရွာတွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၁၀၀) သိန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား(၅၃)သိန်း၊ စုစုပေါင်းငွေကျပ် (၁၅၃) သိန်းဖြင့် အရှည် (၆၆၅) ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း ဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ပြီး နည်းပညာများ ကူညီပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းများပြီးစီးပါက သရက်ပင်ကျေးရွာမှ အိမ်ခြေ(၁၃၅)အိမ်၊ လူဦးရေ (၅၈၂) ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများကို တုံလုံ၊ ဗနွဲ့ကုန်း၊ ရေဗြစ်၊ ရန်ဘက်လို၊ အောင်ချမ်းသာ၊ အေးရွာ၊ ဈေးကုန်း၊ ငပြောင်၊ သရက်ပင်၊ သင်တောင်း၊ ပေါက်ပင်ကွေ့၊ ကုန်းသာ ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)